ဒီနေ့ရန်ကုန်မှာ မိုးရွာတယ်တဲ့....
ကျမနေတဲ့ နေရာမှာလည်း မိုးရွာလေရဲ့ ..
ကျမအလုပ်ကပြန်တော့ ည11 နာရီပတ်ဝန်းကျင် ..မိုးဖွဲဖွဲလေးကြားထဲ ထီးဆောင်းပြီးပြန်ခဲ့ရတယ်... အိမ်ေ၇ာက်တော့ မိုးတောင် နဲနဲလေး သည်းလာသလိုလို .. နောက်ဖေး ဝရံလေးမှာ ရပ်နေရင်းနဲ့မိုးသံကိုနားစွင့်နေရင်း ကျနေတဲ့မိုးရေစက်တွေကိုကြည့်နေမိတယ်...
နောက်တော့ ကျမရဲ့ စိတ်တွေ ရန်ကုန်ဆိုတဲ့ ကျမသိပ်တမ်းတ သိပ်လွမ်းမောရတဲ့ ..မီးတွေအမြဲတမ်းပျက်တတ်တဲ့... နေအရမ်းပူပြီး ဖုန်ထူတဲ့ ... ကုန်ဈေးနှုံးတွေကြီးတဲ့.. အင်တာနက်ကွန်နက်ရှင် လိပ်လိုနှေးတဲ့ ကျမသိပ်ချစ်ရတဲ့ မြို့လေးစီကို ပြန်ရောက်သွားတယ်.. ။
ကျမရန်ကုန်မှာနေတုန်းက ညဘက် မိုးရွာပြီဆိုရင် ဝရန်တာကနေ လမ်းမပေါ်ကျလာတဲ့ မိုးရေ စက်တွေကို ထိုင်ကြည့်နေကြ.. တခါတလေ မီးပျက်တာနဲ့ဆုံနေရင် ဘုရားခန်းထဲမှာဘဲဖယောင်းတိုင် ဆီမီးလေး ပူဇော်ပြီး ဝရန်တာမှာ ကျမတယောက်ထဲ ထိုင်နေကြ ... အဲလိုညတွေကို အရမ်းပြန်သတိရမိတယ်..။ အခုလည်း မိုးတွေ ရွာနေပါတယ်... ဝရန်တာမှာလည်း ကျမရပ်နေပါတယ်..
မီးတွေလည်း မှိတ်ထားပါတယ်... ကျမ ဝရန်တာမှာ ရပ်ပြီးမိုးရေစက်တွေကိုလည်းကြည့်နေပါတယ်..
ဒါပေမဲ့ စိတ်ထဲက ခံစားချက်... အရင်တုန်းက မိုးရေစက်တွေကို ကြည့်နေတုန်းက ခံစားချက်နဲ့
အခု မိုးရေစက်တွေကို ရပ်ကြည့်နေတဲ့ခံစားချက် ...မတူတော့ပါဘူး... ကျမကို ကျမသိနေပါတယ်...
တချိန်တုန်းက ကျမ စိတ်ထဲ မိုးရေစက်တွေကို သဘောကျတဲ့စိတ်နဲ့ ရေတပေါက်ချင်းကျနေတာကို အေးငြိမ်းတဲ့စိတ်နဲ့ ကျမကြည့်ခဲ့တာပါ...
အခု ကျမ မိုးရေကျနေတာကို ကြည့်သာကြည့်နေရတယ်...ပြောရမယ်ဆိုရင်တော့ အဓိပ္ပါယ် မဲ့စွာနဲ့
ကြည့်နေမိတာပါ .... ကျမဘာလို့အဲလိုပြောင်းလဲသွားရတာလည်း ကျမကိုယ် ကျမမသိပါဘူး.. ။။
ကျမစိတ်ထဲမတော့ ရန်ကုန်က ကျမတို့အိမ်လေးစီကိုပြန်ရောက်သွားတယ်...
ဝရံတာလေးစီကိုပြန်ရောက်သွားတယ်...ညဘက် တိုဖူးသုပ်လို့ လိုက်အော်ရောင်းတဲ့ အသုပ်သည်လေးရဲ့ အသံကိုပြန်ကြားမိသလိုလို ... မုန့်ဖက်ထုပ်လို့ အော်လိုက်သံလည်းကြားလိုက်မိပါရဲ့ ...ကျမ ရန်ကုန်ကို
သိပ်လွမ်းတယ်... ။။
တခါတလေ ညဘက်စာအုပ်ဆိုင် သွားရင် မိုးရေထဲလမ်းလျှောက်ခဲ့ရတာကို လွမ်းတယ်... လမ်းမပေါ်တင်နေတဲ့ ရေအိုင်လေးထဲခြေထောက်ရှပ်တိုက်လျှောက်လိုက်တိုင်း အေးခနဲဖြစ်သွားတဲ့ အထိအတွေ့...ခြေဖမိုးပေါ် ရေစက်လေးတွေ တဖွဲဖွဲ စင်နေတဲ့ အရသာ... ဖိနပ်တခုလုံးစိုစိပြီး ခြေဖဝါးတခုလုံး အေးစက်နေတဲ့ ခံစားချက်... အိုးးးး ကျမ အဲတာတွေ အရမ်းသတိရမိတာဘဲ...။။
ညနေဘက်ကျူရှင် သွားတဲ့အချိန် မိုးရွာရင် သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် အာပူလျှာပူ ဆိုင်ထဲ
ဝင်စားခဲ့တာ... မိုးရေ အေးအေးထဲ ငရုတ်ကောင်းနဲ့ပူစပ်ပူလောင် ဖြစ်အောင် ချက်ထားတဲ့ ရခိုင် မုနု့်တီ
တပွဲရဲ့ အရသာက အခုနေခါ ပြန်စဉ်းစားမိလိုက်ရင်တော့ သရေတောင်ပြန်မျိုချမိပါရဲ့ ...။။
ကျမအရမ်းခင်တဲ့သူငယ်ချင်း တယောက်ရှိပါတယ် ..သူကနယ်ကပါ ..ရန်ကုန်မှာ ....အဆောင်နေပါတယ်...ကျမသူ့အဆောင် သွားလည်တိုင်း မိုးရွာတာနဲ့ဆုံရင် ကျမတို့ ယမ်ယမ် ချဉ်စပ်တယောက်တထုပ်ပြုတ်ပြီး အဆောင်နားက ပုဂံလမ်းထိပ်က ကွမ်းယာတို့ဇီးထုပ်တို့ရောင်းတဲ့
မုန့်ဆိုင်လေးကနေ အချဉ်ထုပ်တွေဝယ်ပြီး ခေါက်ဆွဲပြုတ်နဲ့ ဇီးထုပ် စားလို့မလိုက်ဖက်ပေမဲ့ အဲဒီနှစ်မျိုးကိုဘဲ စားခဲ့တာပါ... ညဘက်မိုးရွာရင် အဆောင်ခေါင်မိုးပေါ် မိုးထားတဲ့ သွပ်ပြားကိုရေကျသံ
တဗြောင်းဗြောင်းကို နားထောင်ရင် အိပ်ပျော်သွားတဲ့ ညတွေ... အဲဒီတုန်းကတော့ ရေသံ ဗြောင်းဗြောင်းဆိုတာကို ဘဲနားထောင်နေရင်းအိပ်ပျော်သွားတာပါ ....ကျမသူငယ်ချင်းကပြောတယ်..အဲလိုညဘက် မိုးရွာလို့ ခေါင်မိုးပေါ် မိုးရေ တဗြောင်းဗြောင်းကျရင် နယ်က သူ့အိမ်ကို အရမ်းလွမ်းတာဘဲတဲ့...အဲဒီတုန်းကတော့ သူပြောလို့ နားထောင်ပေးလိုက်တာဘဲ ရှိတာပေါ့...သူ့ခံစားချက်ကို နားမလည်ခဲ့ပါဘူး... အခုတော့ ကျမနားလည်သွားပါပြီ ....။။
ကျမ ကဘဲ အတိတ်ကိုဖက်တွယ်လွန်းတာလားတော့ မသိပါဘူး..ကျမစီမှာ သတိရမိတဲ့
အတိတ်ပုံရိပ်တွေ ခံစားချက်တွေ တော်တော်များပါတယ်...ပြန်မရတော့နိုင်ဘူးဆိုတာသိနေပေမဲ့
ပြန်သတိရခွင့်တော့ ရှိတယ်လို့ ထင်ပါတယ်...ညတွေက လူတွေကို တခါတလေ မှာပြုစားတတ်တယ်
ထင်ပါရဲ့နော်....။။
အခုလည်း မိုးတွေရွာနေတယ်...တချိန်တုန်းက မိုးညလေးတွေကို ကျမပြန်သတိရနေမိတယ်.. ။။
ပစ်ပစ်
Am 3:05
19.4.2013
ပုံကတော့ Google ကပါ...