အားလုံးမင်္ဂလာပါ..။
မြန်မာ၊ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊
စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ သြစတေးလျ၊ ကိုရီးယားနိုင်ငံတို့မှ
အလှုရှင်များရဲ့ စုပေါင်းအင်အားဖြင့် ကျွန်တော်တို့
မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ ပဉ္စမမြောက်ခြေလှမ်းကို အောင်မြင်စွာ
လှမ်းနိုင်ခဲ့ပြန်ပါပြီ။ အမှတ်
(၅/၁၉(အေ))၊ ၃လမ်း၊ ဥသာမြိုသစ်၊ ပဲခူးတိုင်း
သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်းတိုက် စာသင်ကျောင်းဆောင် ပေ (70 x 20 )
ဆောက်လုပ်ရန်အတွက် 13.06.2013၊ ကြာသာပတေးနေ့မှာ စတင်ပြီး အလှုခံခဲ့ရာ
အလှုမပိတ်သိမ်းခင် 1.08.2013 ရက်မတိုင်မီအထိ အလှုငွေစုစုပေါင်း သိန်း(၃၈၀)
ကျော်ရရှိခဲ့ပြီး 28.07.2013၊ တနင်္ဂနွေနေ့မှာ ကျောင်းပနက်ချပွဲနှင့်
ပင့်သံဃာ(၁၀)တို့အား ၀ါဆိုသင်္ကန်းကပ်လှုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
ပနက်ချမည့်ကျောင်းနေရာသို့
ကားဖြင့်တိုက်ရိုက်သွားလို့မရပဲ ခြေလျင်ခရီးဖြင့်မိနစ်အနည်းငယ်ခန့်
ဆက်လျှောက်ရပါသေးတယ်။ မိုးရွာသွန်း -နေပေမဲ့ မုဒိတာအဖွဲ့သားတွေရဲ့
ရင်တွင်းက မုဒိတာစိတ်ထားကိုတော့ တားဆီးနိုင်စွမ်း မရှိခဲ့ပါဘူး။
မိုးရေထဲမှာပဲ ဆရာတော်ကြီးမှ ဦးဆောင် ပြီး
အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
စာသင်ကျောင်းအား ၈.၁.၂၀၁၃၊
ကြာသာပတေးနေ့တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ကျောင်းဆောက်လုပ်မည့် အစီအစဉ်၊
စာသင်ကျောင်း ပုံစံငယ်နှင့် နိုင်ငံအသီးသီးလက်ခံရရှိသော
အလှုငွေစုစုပေါင်းအား ၈.၁.၂၀၁၃ရက်နေ့တွင် ထပ်မံ ဖော်ပြပေးပါမည်။
မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်။
မြန်မာမုဒိတာလူငယ်များအဖွဲ့
၂၉.၇.၂၀၁၃
မြန်မာမုဒိတာ လူငယ်များဘလော့မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်