ကျမ ဒီနေ့အလုပ်သွားတဲ့ အချိန် Bus ကားပေါ်မှာ
အမျိုးသမီးတယောက်နဲ့ဆုံတယ်..ကားပေါ်တက်တက်ချင်း သူ့ကိုတွေ့တာနဲ့ စိတ်ထဲကနေ
ငါ့အသိဘဲ ဆိုတဲ့စိတ်နဲ့ ပြုံး ပြနှုတ်ဆက်မိတယ်။သူကလည်း ကျမကို သိနေတဲ့
ပုံစံနဲ့ ချက်ခြင်း ပြန်ပြုံး ပြပြီးအလုပ်သွားတာလားလို့
လှမ်းမေးတယ်..ကျမကလည်း ဟုတ်တယ်လို့ ပြန်ဖြေလိုက်တယ်..နောက်တော့
မှတ်တိုင်တခုမှာသူဆင်းသွားတယ်..။
သူဆင်းသွားတော့ ကျမ စဉ်းစားမိတယ်..သူ့ကို ငါဘယ်နေရာမှာသိတာလည်းလို့..စိတ်ထဲလုံးဝကို စဉ်းစားလို့မရဘူး..လူမှားတာလားဆိုတော့လည်း မဟုတ်ဘူး..ကျမ လူမှားတာဆိုရင် သူကျမကို သိနေစရာ အကြောင်းမရှိဘူး.။နောက်ပြီး စိတ်..ခံစားမှု့ ..ကျမရဲ့ စိတ်ထဲမှာ သူ့ကိုရင်းရင်းနှီးနှီးကို သိနေတာ...ဘယ်နေရာမှာ သိတာလည်းဆိုတာသာ စဉ်းစားလို့မရဘူးဖြစ်နေတာ..ကျမစိတ်ထဲ ကျမ ပစ္စည်းဝယ်နေကြဆိုင်တွေက ဝန်ထမ်းတယောက်ယောက်များလား...ဒါမှ မဟုတ်..ကျမ ဝယ်နေကြပေါင်မုန့် ကိတ်မုန့် ဆိုင်က အရောင်းစာရေးများလား..မကြာခဏဆိုသလို ..မျက်မှန်းတန်းမိရင်း သိနေတဲ့ပုံစံ..ဒါပေမဲ့ ဘယ်နေရာဆိုတာကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး..စဉ်းစားလို့မရလေ..ဟိုဆိုင်ကများလား..ဒီဆိုင်ကများလား..ဆိုပြီးတွေးလေနဲ့ လူကချွေးတွေတောင် ပြန်လာတယ်..။
အလုပ်ရောက်သွားတော့လည်း စိတ်ထဲမှာ အဲတာကိုဘဲထပ်တလဲလဲ စဉ်းစားမိတယ်..ဘယ်နေရာကသိတာလည်းဆိုတာကို..ကျမရဲ့ မှတ်ညဏ်တွေ က အရာတခုထဲကို ကွက်ပြီးပျောက်ဆုံးသလိုဖြစ်နေတယ်...watson ကများလားဆိုပြီးစဉ်းစားမိရင် အဲဒီဆိုင်က ကျမနဲ့ မျက်မှန်းတန်းတဲ့ကောင်မလေးတွေ မြင်မိတယ်..ကိတ်မုန့်ဆိုင်ဆိုလည်း အဲလိုဘဲ..မျက်မှန်လေးနဲ့ကောင်မလေးဝဝ လေးကို ချက်ချင်း မြင်ယောင်မိတယ်..ကားပေါ်မှာ တွေ့လိုက်တဲ့မိန်းကလေးကို ကျမ ဘယ်လိုမှ စဉ်းစားလို့မရဘူး..လူမှားတယ် ပြောရအောင်ကလည်း သူ့ကို ရင်းရင်းနှီးနှီးသိနေတဲ့ ခံစားမှု့.....လူမှားတာ မဟုတ်ဘူး..သူ့ကို ဘယ်ကလည်းဆိုတာ စဉ်းစားလို့မရလေ..ကျမစိတ်ထဲ ပိုမွန်းကြပ်လာလေဘဲ..တကယ်လို့များ ငါလမ်းသွားရင်းနဲ့ ဘယ်ကိုသွားနေတာလည်း ဘာလုပ်ဖို့လည်းဆိုတာရုတ်တရက် မေ့သွားခဲ့ရင် ဘယ်လိုလုပ်မလည်းဆိုတဲ့ အတွေးဝင်လာတော့ငိုတောင် ငိုချင်သွားတယ်...။
ကိုယ့်ဘာကိုယ်လည်း မယုံကြည်တော့သလိုဖြစ်လာတယ်..ဒီလို မေ့သွားတတ်ပုံနဲ့ မလွယ်ဘူး..။အရေးကြီးတဲ့ နံပါတ်တွေ ဂဏန်းတွေ ကို ငါစာအုပ်မှာချရေးထားမှဖြစ်တော့မယ်ဆိုပြီးအိမ်ရောက်တာနဲ့ လွယ်လာတဲ့ အိတ်ကိုချစာအုပ်မှာ နံပါတ်တွေချေ၇း..ဝရုန်းသုန်းကားတွေကိုဖြစ်လို့ရယ် ။ကျမရဲ့ မှတ်ညဏ်တွေပျောက်ဆုံးချင်နေတာများလား..အရှိုက်ထိုးခံလိုက်ရတဲ့ သူတယောက်လို ခံစားမှု့ပေါင်းစုံနဲ့တအိအိ ပြိုဆင်းနေသလိုဘဲ....။။။။
ပစ်ပစ်
Am 3:19 (2.9.2016)